“ဘယ်အချိန်မှာ ကိုယ်တွေကို ၁၇/ နဲ့ တရားလာစွဲမလဲဆိုပြီး ထိုင်စောင့်နေရသလိုဖြစ်နေတယ်

သူတို့ လတ်တလော ရင်ဆိုင်နေရတဲ့ စိုးရိမ်ဖွယ် အခြေအနေတခုကို မြစ်ကြီးနားဂျာနယ် အယ်ဒီတာ ချုပ် မဆိုင်းမိုင်က ပြောပြပါတယ်။

ဦးအားဆီနှင့် ဒေါ်ဇယ်နော်တို့ရဲ့ သား၊ သမီး(၅)ယောက်အနက် သမီးကြီးဖြစ်သူ ခန္ဓာကိုယ်ခပ်၀၀နှင့် အရပ်(၅)ပေခန့်ရှိပြီး အမြဲလိုလို ပြုံးရွင်သွက်လက်နေတဲ့ မြစ်ကြီးနားဂျာနယ်တည်ထောင်သူ ဆိုင်းမိုင်ဟာ အခု နှစ်မှာ ပေးတဲ့ နော်မိန်းမီဒီယာခေါင်းဆောင်ဆု ကို ရရှိခဲ့ပါတယ်။

သူဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းနေ ခဲ့သူ ဖြစ်ပါတယ်။

သတင်းလောကထဲကိုတော့ KNG ကချင်သတင်းဌာနကနေ ခြေလှမ်းစခဲ့တာလို့ ပြောပါတယ်။ ကချင် ပြည်နယ် အရှေ့မြောက်ဘက်ချမ်းရှိ မိုင်ဂျာယန်မြို့ငယ်လေးမှာ ရှိနေစဉ် KNG (Kachin News Group) မှ မနူး ပန်က သူ့ကို သတင်းလောကထဲကို စတင်ခေါ်ယူခဲ့တာလို့ ပြောပြပါတယ်။

အစကတော့ သတင်းထောက်ဆိုတာ ဘာမှန်းမသိပါဘူး၊ KNG က မနူးပန်က သတင်းထောက်အလုပ် စိတ်ဝင်စားလားလို့ မေးပြီး အဆိုင်းမန့်(assignment) တွေပေး၊ သတင်းတွေယူခိုင်း၊ ဟိုဟာဒီဟာတွေမေး၊ ဓါတ် ပုံတွေ ရိုက်ခိုင်းပေါ့နော်။ အဲဒီကနေပြီး စိတ်ဝင်စားသွားတယ်

အဲဒီကမှတဆင့် ၂၀၀၉ ခုနှစ်၊ ချင်းမိုင်ရှိ အင်တာနယူး(စ်) (Internews)မှ ပို့ချသော (၂)လကြာ အခြေ ခံ သတင်းထောက်သင်တန်းကို သွားတက်ရောက်ပြီးနောက် သတင်းပညာကို ပိုမိုစိတ်ဝင်သွားခဲ့တာလို့ ပြောပါ တယ်။

ဆရာရဲနိုင်မိုးက ပထမဦးဆုံး ကျနော့်လက်ဦးဆရာပါ၊ သင်တန်းမှာ ဆရာက ဘာကြောင့်၊ ဘာရည်ရွယ် ချက်နဲ့ သင်တန်းတက်သလဲလို့ မေးခဲ့တယ်လို့ ချင်းမိုင်သင်တန်း အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ ရည်ရွယ် ချက်ကတော့ မြစ်ကြီးနားမှာ စာစောင်တစောင်ထုတ်ချင်တယ်၊ အဲဒါငါ့ရဲ့ အိပ်မက်၊ ဒါကြောင့် သင်တန်းကို တက်ရခြင်း ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာပဲ သတင်းစာတွေရှိတယ်။ ကချင်ပြည်နယ် ကိုယ်စားပြု စာစောင်တွေမရှိဘူး” လို့ သူက သူ့အိပ်မက်ကို ပြန်ပြောပြခဲ့တယ်။

သူ့အိပ်မက်အကောင်အထည်ဖော်နိုင်ဖို့အတွက် စိန်ခေါ်မှု၊ အခက်အခဲပေါင်းများစွာကို လေ့လာသင်ယူ မှု၊ အလုပ်အတွေ့အကြုံများစွာဖြင့် ကျော်ဖြတ်ရပြီး အချိန်(၉)နှစ်ခန့်ကြာခဲ့ပြီးမှ အခုလိုအခြေအနေရောက်လာ တာလို့ ပြောပြပါတယ်။

သင်တန်းပြီးတော့ ရန်ကုန်မှာနေပြီး ရန်ကုန်တိုင်း(မ်)မှာ အလုပ်သင်  လဝင်ခဲ့တယ်။ လုံးဝ ကိုယ့်ပြည် နယ်ကို အကျိုးပြုရမယ်ဆိုတော့  လပဲနေပြီး ပြန်လာခဲ့တယ်၊ ကချင်သတင်းဌာနကို ဆက်ပြီးသတင်းတွေပို့ခဲ့ တယ် ဆက်ပြီး ၂၀၁၀ ခုနှစ်တွင် အင်တာနယူး(စ်)(internews newsroom)အတွက် တိုင်းရင်းသားဒေသ တွေက ပြည်နယ်သတင်းများ၊ ရွေးကောက်ပွဲသတင်းများပေးပို့တဲ့အပြင် Yangon Press International ဆိုတဲ့ သတင်းစာမျက်နှာတခုကိုလည်း သူငယ်ချင်းများနှင့်အတူ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် လည်း 7days၊ မြန်မာတိုင်း(မ်)တို့တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ဆောင်ခဲ့ပြီး တချိန်တည်းမှာပဲ BBC မြန်မာပိုင်းမှာလည်း ကချင်ပြည်နယ်က အမေ့ခံပုံရိပ်များဆိုတဲ့အစီအစဉ်မှာ လုပ်ကိုင်ခဲ့ကြောင်းကို မဆိုင်းမိုင်က ပြောပြပါတယ်။

၂၀၀၉ ခုနှစ်တွင် လက်ရှိမြန်မာနိုင်ငံက စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာမို့လို့ သတင်းလွတ်လပ်ခွင့် ဗလာနတ္ထိဖြစ်တဲ့အပြင် ပြည်ပအခြေစိုက် RFA၊ VOA၊ Irrawaddy၊ Mizzima၊ DVB တို့အတွက် လုပ်ကိုင်နေတဲ့ အချို့သတင်းထောက်များမှာ ဖမ်းဆီးထိန်းသိမ်းခံရမှုများ ရှိနေခဲ့တာကတကြောင်း၊ အမျိုးသမီးလည်းဖြစ်တဲ့ အတွက်တကြောင်း၊ သူ့မိဘဆွေမျိုးများက သူ့ကို သတင်းလောကထဲ ဝင်ရောက်လုပ်ကိုင်တာကို တားမြစ်ခဲ့ တယ်လို့ပြောပါတယ်။

မိဘတွေအနေနဲ့အားလုံးတားမြစ်တယ်၊ ဘာဖြစ်လို့တားမြစ်သလဲဆိုလို့ရှိရင် ၂၀၀၈ ၂၀၀၉ ကဆိုရင် စစ်အစိုးရခေတ်မို့လို့လေ အရမ်းကြောက်တယ်၊ ပြီးတော့ အဖေနဲ့ အမေက တကယ့်ရိုးရှင်းတဲ့ တောင်ပေါ်သား တွေပါ၊ လုံးဝနိုင်ငံရေးကင်းရှင်းတယ် မိဘတွေက သတင်းနားထောင်တာ၊ သတင်းစာဖတ်တာမျိုးတောင် မရှိတော့ သူ့အတွက် ပိုအခက်ကြုံရတယ်လို့ ပြောပြပါတယ်။

အမေဆိုရင် အရမ်းတားတယ်။ ဒါပေမယ့် အဲဒီအ ချိန်တုန်းက ကိုယ်လုပ်ချင်တာကို ရအောင် လုပ်ဖို့ အရမ်းစိတ်သန်တယ်၊ အမျိုးတွေဆိုရင် နင့်ကိုထောင်မှာ လာမတွေ့ချင်ဘူးနော်၊ ထမင်းလာမပို့ချင်ဘူးနော်လို့ ဆိုနေတဲ့ကြားက ခက်ခက်ခဲခဲနဲ့ ဒီအလုပ်ကို ဆက်ကြိုးစား လာခဲ့တယ်လို့ အရင်က အဖြစ်တွေကို ရယ်သံလေးဖြင့်ပြောပြခဲ့တယ်။

အမျိုးသမီးသတင်းထောက်ဖြစ်တဲ့အတွက် လုံခြုံရေးဟာ စိန်ခေါ်မှုကြီးတရပ်ဖြစ်နေတာထက် လက်ရှိ မီဒီယာ ဥပဒေဟာ လျော့ရဲနေသေးတဲ့အတွက် အမျိုးသမီးသတင်းထောက်သာမက သတင်းထောက်အားလုံး အတွက် လုံခြုံမှုမရှိသေးဘူးလို့ ပြောပါတယ်။

ဒီမှာဆို စစ်တပ်နဲ့ ကေအိုင်အေစစ်ဖြစ်တယ်၊ ကျနော်က ရှေ့တန်း သွားတယ်၊ ဦးသိန်းစိန်ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့ မီဒီယာဥပဒေ၊ ဘယ်သူမဆို လွတ်လွတ်လပ်လပ် သတင်း ယူခွင့်ရှိတယ်၊ လွတ်လွတ်လပ်လပ် သတင်းပေးခွင့်ရှိရမယ်ဆိုတဲ့ဥပဒေရှိတယ်ဆိုပြီး ကိုယ်က သတင်းယူခွင့် ရှိတယ်ဆိုပေမယ့် အဲဒီရှေ့တန်းက စစ်သားက အဲဒီဥပဒေကို သိလို့လား၊ နားလည်လား၊ တကယ် ဒီဥပဒေကို လိုက်နာရမယ့်သူတွေက စစ်သားတွေဖြစ်တယ်၊ ဒါပေမယ့် သူတို့ဘာမှ နားမလည်ဘူး၊ မလိုက်နာဘူး လို့ ပြော ရင်း ကရင်ပြည်နယ်မှာ ပစ်သတ်ခံခဲ့ရတဲ့ သတင်းထောက် ကိုပါကြီးကို ဥပမာပေးပါတယ်။

ဒါပေမယ့် သူမအိပ်မက်အကောင်အထည်ဖော်ဖို့ရန် ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် စိတ်တူ၊ ရည်မှန်းချက် တူပြီး Internews သတင်းထောက်သင်တန်းကျောင်းထွက်တွေဖြစ်တဲ့ ကိုဘရန်မိုင်၊ ကိုဇော်ခွန်းတို့နဲ့အတူ မြစ် ကြီးနားဂျာနယ်” ထုတ်ဝေဖို့ စတင်စည်းရုံးခဲ့ပြီး၊ ဂျာနယ်ထုတ်ဝေခွင့်ရရှိဖို့၊ ဂျာနယ်နာမည်၊ ပုံစံ၊ အရောင်၊ ဘယ်ဘာသာနဲ့ ထုတ်ကြမလဲ၊ အပတ်စဉ်လား၊ လစဉ်လားဆိုတဲ့ မေးခွန်းများစွာနှင့် မတည်ငွေ ဘယ်လိုရှာမလဲ၊ ဝန်ထမ်းတွေကို ဘယ်လိုခန့်မလဲ စသဖြင့် ဂျာနယ်ထွက်ရှိလာဖို့ အစည်းအဝေးပေါင်းများစွာ တစ်နှစ်ခန့် အချိန် ယူပြင်ဆင်ခဲ့ရပြီးမှ မြစ်ကြီးနားဂျာနယ် စဖြစ်လာတယ်လို့ ပြောပါတယ်။

၂၀၁၄ မတ်လမှ ဂျာနယ်ကို ထုတ်ဝေနိုင်ခဲ့တယ်

မြစ်ကြီးနားဂျာနယ်လို့ ဘာကြောင့်ပေးသလဲဆိုရင် တခြား ကချင်တိုင်းမ်၊ ကချင်နယူးစ်ဆိုတာတွေ ကလည်း ရှိပြီးသားပြီးတော့ ဂျာနယ်က ကချင်ပေပါ(paper) မဟုတ်ဘူး၊ တိုင်းရင်းသားဂျာနယ်မဟုတ်ဘူး၊ Regional paper (နယ်ဒေသနှင့် သက်ဆိုင်တဲ့ပေပါဖြစ်ချင်တယ်။ အဲဒါကြောင့် ကချင်ကို ကိုယ်စားပြုတဲ့ မနော တို့၊ ကချင်တို့ကို မသုံးပဲ ကချင်မှာ လူမျိုးပေါင်းစုံရှိတဲ့အတွက်ကြောင့် ပြည်နယ်ကို ကိုယ်စားပြုတဲ့ နာမည် မြစ် ကြီးနားကို ယူလိုက်တာပါ”လို့ ရှင်းပြပါတယ်။ အရောင်ကိုလည်း ကချင်ဆိုတာ ကျောက်စိမ်းထွက်တဲ့နယ်မြေ၊ လုံးဝကို စိမ်းစိုတဲ့နယ်မြေဆိုတာကို ဖော်ညွှန်းပြီးတော့ အစိမ်းရောင်ကို လိုဂိုတင်တယ်

ဒါပေမယ့် ဂျာနယ်စတင်ထုတ်ဝေချိန်တွင် ဂျာနယ်အမည်နှင့် အရောင်တွေပေါ် များစွာဝေဖန်ခြင်း ခံခဲ့ရ ပုံကိုလည်း သူမက အခုလို “ဖြစ်ချင်တော့ ၂၀၁၃၊ ၂၀၁၄ ခုနှစ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရ တက်နေတဲ့အချိန်မှာ အစိမ်းရောင်ကာလကြီးနဲ့ ထွက်လာတဲ့အခါမှာ အားလုံးက ကြံ့ခိုင်ရေးရဲ့သတင်းဂျာနယ်ပဲ တွေ့လား အစိမ်း ရောင်” ဆိုပြီး စွပ်စွဲခံခဲ့ရတယ်လို့ပြောပါတယ်။ ဒါတင်မက တော်ကြာ မြစ်ကြီးနားသတင်းဂျာနယ်ကို တရုတ်တွေ က ဝယ်သွားပြီတဲ့၊ ကုလားတွေက ဝယ်သွားပြီတဲ့၊ ဒီကောင်တွေက အစိုးရရဲ့ထောက်ပံ့မှုကိုယူထားလို့ ထောင်နိုင် တာ” ဆိုပြီး ခံရပြီးဒါပေမယ့် တဖြည်းဖြည်းနဲ့ နားလည်လာကြပါတယ်၊ အရေးအသားနဲ့ တင်ဆက်ပုံက သူတို့ အစိုးရရဲ့ ကြေးမုံ၊ မြန်မာ့အလင်းတို့ရဲ့ တင်ဆက်ပုံနဲ့ မတူဘူး၊ ပြောရဲ၊ ဆိုရဲတဲ့ သတင်း၊ ပွင့်လင်းတဲ့ သတင်းဌာန တခုအဖြစ် လက်ခံလာကြတယ်

အခုဆို  နှစ်ပြည့်ပြီ။ အစောင်ရေပိုပြီး ထုတ်ဝေလာနိုင်တာကလည်း ပြည်သူတွေက မြစ်ကြီးနား ဂျာနယ်ကို လက်ခံယုံကြည်တယ်ဆိုတာ သက်သေပြနေတာပဲ” လို့ အားရကျေနပ်မှု မာန်အပြည့်ဖြင့် ပြောပြ ခဲ့ပါတယ်။

သို့ပေမယ့် သူမနဲ့ ဂျာနယ်တိုက်ကြီးတခုလုံးအတွက် လတ်တလောအကြီးမားဆုံးရင်ဆိုင်နေရတဲ့ စိန် ခေါ်မှုတရပ်လို့ ဆိုရမှာတော့ “အခုဆို ပိုဆိုးသေးတယ်။ ပုဒ်မ ၁၇/(မတရားအသင်းနဲ့ဆက်သွယ်မှု) ကိုယ် တွေရုံးမှာထိုင်နေတယ်၊ သတင်းစာထုတ်နေတယ်၊ စစ်တပ်က ပြန်ကြားရေးမထားပေးဘူး၊ မြောက်ပိုင်းတိုင်းကို စစ်သတင်းနဲ့ ပတ်သက်ပြီး သွားမေးတယ်။ မရဘူး၊ ကချင်ပြည်နယ်အစိုးရကို သွားမေးတယ် မဖြေဘူး၊ ကိုယ်တွေ မှာက ကေအိုင်အို အသံပဲရတယ်၊ ကေအိုင်အိုအသံနဲ့ပဲ ရေးမယ်ဆိုလို့ရှိရင် အနည်းဆုံး ၁၇/ နဲ့ အမှုဖွင့်လို့ ရနေပြီ “ဘယ်အချိန်မှာကိုယ်တွေကို ၁၇/ တရားလာစွဲမလဲဆိုပြီး ထိုင်စောင့်နေရသလိုဖြစ်နေတယ် လို့ မ ဆိုင်းမိုင်က ဆိုပါတယ်။

အခုနှစ်မှာတော့ မြစ်ကြီးနားဂျာနယ်တည်ထောင်သူ ကိုဘရန်မိုင်နှင့် မဆိုင်းမိုင်တို့က နော်မိန်း မီဒီယာခေါင်းဆောင်ဆုကို ရရှိခဲ့ကြပါတယ်။ ဒီဆုဟာ နော်မိန်းတည်ထောင်ခဲ့တဲ့ Kachin Land နှင့် Documentary Art Asia တို့မှ ပူးပေါင်းပြီး (၁)နှစ်တကြိမ် ပေးအပ်မည့် “Naw Maing Media Leadership Award”ကို ရုပ်ရှင်၊ ဓါတ်ပုံ၊ ရုပ်သံ၊ ရေဒီယိုနှင့် စာနယ်ဇင်း အစရှိသော သတင်းပညာလောကတွင် ထူးချွန် ပြောင်မြောက်တဲ့ စွမ်းရည်ပြသနိုင်တဲ့ ကချင်လူမျိုးပညာရှင်များအား ချီးမြှင့်တဲ့ ဆုဖြစ်ပြီး၊ ဆုရရှိသူကို ဆုတံဆိပ် နဲ့ ကျပ်ငွေဆယ်သိန်းကို အခမ်းအနားနှင့်တကွ ပေးအပ်ခြင်း ခံရတဲ့အပြင် သူ၏လုပ်ဆောင်ရည်များကို ပြည် တွင်းပြည်ပမှ ပညာရှင်များသိရှိလာစေတဲ့အခွင့်အလမ်းလည်း ရရှိမည်ဖြစ်တယ်လို့ အဆိုပါ ဝဘ်ဆိုဒ်မှာ ဖော်ပြ ထားပါတယ်။

နော်မိန်း မီဒီယာခေါင်းဆောင်ဆု ရရှိခဲ့တဲ့ ဆိုင်းမိုင်ကတော့ မြစ်ကြီးနားဂျာနယ်ကို အခုထက်ပိုပြီး ကချင်ပြည်နယ်သူ ပြည်နယ်သားတွေအတွက် အကျိုးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီထက်ပိုကောင်းအောင် ကြိုးစားသွားဖို့၊ ၂၀၁၇ ခုနှစ်မှာ တီဗွီသတင်းနှင့် အွန်လိုင်းသတင်းတွေကို တိုး ချဲ့သွားဖို့ ကြိုးစားနေပါတယ်